နေပြည်တော်၊ ဇန်နဝါရီ ၁၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ သရက်ကုန်း ကျေးရွာရှိ မမိုးမိုးခိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၈၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခွဲတွင် ကျိုင်းတုံမြို့နယ်၊ မိုင်းပတ် (အောက်) ကျေးရွာအုပ်စု၊ ပုံဆိုင်းကျေးရွာအနီးတွင် ကျစောမောင်းနှင်ပြီး ယေလာမိ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ဟန်နေလှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား