လှည်းကူးနှင့် ပေါက်မြို့နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၄   ဧပြီ 

 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ဧပြီ ၂ ရက်တွင် လှည်းကူးမြို့နယ်၊ ပန်းတောကုန်းကျေးရွာ၊ သုဿာန်အနီး မှ Hino Dutro (၆)ဘီး အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် သဒီ/ ကောင်းမှုခွဲသား စုစုပေါင်း(၁၆)ချောင်း (၃ ဒသမ ၁၂၃၀)တန် အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဧပြီ ၃ ရက်တွင် ပေါက်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီး၊ မိုင်တိုင်အမှတ် (၃၈၅/ဝ)နှင့် (၃၈၅/၁)ကြား၊ သနပ်ပင်ဇင်းကျေးရွာအဝင်၌ ရပ်တန့် ထားသော Nissan Diesel PF-6 (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၀)တန်ခန့်တို့အား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရှိရသည်။

 

မောင်လူမော်