Local Culture & Travel
ယဉ်ကျေးမှုနှင့်ခရီးသွား
နောင်ချိုမြို့နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများ ခရီးစဉ်သစ်ဖော်ဆောင်နိုင်ရန် ထန်ပညာဂူသို့ ကွင်းဆင်း
31/01/21
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်နှင့် မြို့နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများသည် ခရီးစဉ်သစ်ဖော်ဆောင်နိုင်ရေးအတွက် "ထန်ပညာဂူ" သို့ ဇန်နဝါရီ ၃၀ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် မနုဟာဘုရားကြီးသို့ လာရောက်ဖူးမြော်ကြသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားရှိ
31/01/21
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန် ပုဂံမြို့ဟောင်း၊ မြင်းကပါကျေးရွာရှိ သထုံပြည့်ရှင် မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားကြီးသို့ ဘုရားဖူးလာရောက်သူများ ဘုရားကြီးအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လမ်းညွှန်ချက်များနှင့်အညီ ဖြစ်စေရေး ကြိုတင်ပြင်ဆင်ထားကြောင်း မနုဟာဘုရားဂေါပက ဥက္ကဋ္ဌ ဦးအောင်သွင်ထံက သိရသည်။
ကျွန်းလှမြို့နယ် ညောင်ပင်ကျေးရွာ၌ ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိ
27/01/21
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် မော်ကယ်ကျေးရွာအုပ်စု ညောင်ပင်ကျေးရွာတွင် ဇန်နဝါရီ ၂၄ ရက်က ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိကြောင်း သိရသည်။
လေ့လာဖူးမြော် ကျန်စစ်သားမင်း အောင်မြေအဖြစ် သတ်မှတ်ခဲ့သည့် ထီးလှိုင်ရှင်စေတီတော်
26/01/21
အင်းဝမြို့ကို သက္ကရာဇ် (၇၂၆)တွင် သတိုးမင်းဖျား (အေဒီ ၁၃၆၄-၁၃၆၈)က စတင်ခဲ့ပြီး ကုန်းဘောင်ဆက် ဘကြီးတော်မင်း (အေဒီ ၁၈၁၉-၁၈၃၇)အထိ နှစ်ပေါင်း ၄၀၀ ကြာ တည်ရှိခဲ့သော မြို့ဟောင်းဖြစ်ကာ လေ့လာစရာ ရှေးဟောင်းအဆောက်အဦပေါင်း ၆၀၀ ကျော် တည်ရှိသည့် နေရာပင်ဖြစ်သည်။
လေ့လာစရာ နွားထိုးကြီးနယ် ဆံရစ်ဝိုင်းတို့ ရွာနံဘေးက စကြာတောင်
26/01/21
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နှင့်အနီး ဆံရစ်ဝိုင်းတို့ရွာဟုခေါ်သော ခံစပ်ကုန်းရွာနံဘေးတွင် ရှေးဟောင်းဗိသုကာ လက်ရာများတည်ရှိရာ စကြာတောင်ကို လေ့လာနိုင်သည်။ စကြာတောင်သည် မြင်းခြံ-ရေဝန်း လမ်းမကြီး၏ လမ်းပိုင်းပေါ်မှကြည့်လျှင် မြင်တွေ့နေရသော တောင်စဉ်တောင်တန်းများထဲမှ ကကြီးပုံဏ္ဌာန်မြင်တွေ့နေရသော တောင်အမြွှာ မောင်နှမပင်ဖြစ်သည်။ စကြာတောင်သည် မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် တည်ရှိပြီး မြင်းခြံမြို့၏ အရှေ့ဘက် (၁၄)မိုင်ခန့်၊ နွားထိုးကြီးမြို့၏ အနောက်မြောက်ယွန်းယွန်း (၉)မိုင်ခန့် အကွာတွင် တည်ရှိသည်။
ခရီးသွားလေ့လာချင်စရာ နေရာတစ်ခုဖြစ်ပေါ်လာမည့် ကောလင်းခရိုင်ရှိ နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်း
25/01/21
ဝန်းသို၊ ၂၅ ဇန်နဝါရီ
လွိုင်ကော်မြို့နယ်ရှိ ဝမ်ငေါ့ရေတံခွန်နှင့် ထီးရိုးဆေးဝိဇ္ဇာတောင်တော်ကို လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ ဖော်ဆောင်နိုင်ရန် ကွင်းဆင်းလေ့လာ
19/01/21
လွိုင်ကော်မြို့နယ်ရှိ ဝမ်ငေါ့ရေတံခွန်နှင့် ထီးရိုးဆေးဝိဇ္ဇာတောင်တော်တို့ကို လည်ပတ်လေ့လာနိုင်မည့် ခရီးစဉ်ဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ် ၏ ပြောပြချက်အရ သိရသည်။