Lord of the Rings မှ လီဂိုလက်စ်အဖြစ် ပါဝင်ဖို့ရာ အသက်ကြီးလွန်းနေပြီလို့အော်လန်ဒိုဘလွန်း ဖွင့်ဟ

၃၀  ဇူလိုင်

တစ်ချိန်က အလွန်ကိုကျော်ကြားခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ “Lord of the Rings”မှာ ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်သူ အော်လန်ဒိုဘလွန်းဟာ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ လီဂိုလက်စ်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့ ရုပ်သံအင်တာဗျူးတစ်ခုမှာတော့ အဆိုပါဇာတ်ကောင်နဲ့ပတ်သက်ပြီး မင်းသားကို မေးမြန်းရာမှာ သူ့အနေနဲ့ ပါဝင်သရုပ်ဆောင်ဖို့ရာ အသက်ကြီးလွန်းနေပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါအင်တာဗျူးမှာ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့အော်လန်ဒိုဘလွန်းက သူ့အနေနဲ့ အဆိုပါဇာတ်လမ်းတွဲပေါ်မှာ စိတ်ဝင်စားမှုကတော့ ရှိနေဆဲပါလို့လည်း ဆိုပါတယ်။ အော်လန်ဒိုဘလွန်းဟာ လီဂိုလက်စ်အဖြစ် ၂၀၁၄ ခုနှစ်အတွင်း ထုတ်လွှင့်ခဲ့တဲ့ဇာတ်လမ်းတွဲ “The Hobbit: The Battle of the Five Armies” မှာ နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အော်လန်ဒိုလဘွန်းဟာ လာမယ့် ဩဂုတ် ၃၀ ရက်မှာ စတင်ပြသသွားမယ့် “Carnival Row” ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

အေးပြည့်