ကန်ကြီးထောင့် ၂၈ မတ်
ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ မိုးတွင်းကာလ ဓာတ်အားပြတ်တောက်မှုများ မဖြစ်ပေါ်စေရေးနှင့် ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစောထူးရှီး ဦးဆောင်သော ဝန်ထမ်းများက သံဓာတ်တိုင်များနေရာတွင် ကွန်ကရစ် ဓာတ်တိုင်များဖြင့် အစားထိုး လဲလှယ်နေကြောင်း သိရသည်။
ယင်းသို့ လဲလှယ်ရာတွင် မတ်လ တတိယပတ်မှ စတင်ကာ ကန်ကြီးထောင့် / ဒါးက 11 KV ဓာတ်အားလိုင်းမှ သံဓာတ်တိုင်များနေရာတွင် ၁၀ မီတာ ကွန်ကရစ်ဓာတ်တိုင် အသစ်များဖြင့် အစားထိုးလဲလှယ်ပေးခြင်းဖြစ်ပြီး ကွန်ကရစ်တိုင် စိုက်ထူခြင်းလုပ်ငန်းများ ပြီးစီးသွားပါက တန်းအသစ်များနှင့် လိုင်းကြိုးအသစ်များ လဲလှယ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရသည်။
နန်းထိုက် (KGD)


