မြင်းခြံ ၂၇ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲသူ ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်ဓာတ်အား လျော့နည်းပျောက်ဆုံးမှု ကျဆင်းစေရန် လျှပ်စစ်မန်နေဂျာ ဦးမြလင်းဝေနှင့် ဝန်ထမ်းများသည် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းခြင်းနှင့် ထရန်စဖော်မာ ဓာတ်အိုးများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြင်းခြံခရိုင် လျှပ်စစ်မန်နေဂျာ ဦးမြသောင်းကလည်း ယခုလိုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဓာတ်အားလျော့နည်း ပျောက်ဆုံးမှုများမရှိခြင်း၊ သုံးစွဲသည့်ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေခြင်း၊ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိစေခြင်း၊ ဝင်ငွေတိုးတက်ရရှိစေခြင်း အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

 

ဇော်မင်းနိုင်(မြင်းခြံ)