နေပြည်တော် ဩဂုတ် ၅
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီး အကဲများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ရတနာတန်းဝင် ကျွန်းပင်များကို စတင်စိုက်ပျိုးပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/ အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင် (၁၃၃၃) ပင်၊ နှစ်ရှည်ပန်းပင် (၅၄) ပင်၊ နှစ်ရှည်ပင် (၁၉၁) ပင်၊ စုစုပေါင်း (၁၅၇၈) ပင်တို့ကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် စိုက်ပျိုးခဲ့သည့် သစ်ပင်များရှင်သန် ဖြစ်ထွန်းနေမှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
အလားတူ ယနေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာနကြီးကြပ်မှု အောက်မှ တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်းညွှန်ကြားရေးမှူးရုံးများ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံများတွင်လည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပရာ နှစ်ရှည်သီးနှံပင် (၄၀၁၇) ပင်၊ နှစ်ရှည် ပန်းပင် (၈၂၅) ပင်၊ အရိပ်ရလေကာပင် (၅၉၄) ပင်၊ စုစုပေါင်း (၅၄၃၆) ပင်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင်၊ နှစ်ရှည်ပန်းပင်၊ အရိပ်ရလေကာပင် စုစုပေါင်း (၁၃၅၉၂) ပင်၊ ဒုတိယအကြိမ်တွင် သစ်ပင်ပေါင်း (၁၃၉၂၄) ပင် နှင့် ယခုတတိယအကြိမ်တွင် သစ်ပင်ပေါင်း (၇၀၁၄) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ပြီး တစ်နိုင်ငံလုံး အနေဖြင့် ယခုနှစ်တွင် သစ်ပင်စုစုပေါင်း (၃၄၅၃၀) စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



