လွိုင်ကော် ဇန်နဝါရီ ၁၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူ များနှင့်အတူ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လျှပ်စစ် ဓာတ်အားခွဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအောက်ရှိ ၃၃ ကေဗွီ၊ ဧက ၅၀၀ ဓာတ်အားခွဲရုံ(လွိုင်ကော်)သို့ ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာတို့က ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ပင်မထရန် စဖော်မာဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားမှုနှင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖီဒါအလိုက် Control Panel များရှိ မီတာ၊ Relay နှင့် ဆက်စပ်ပစ္စည်းများကို ပုံမှန်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းသွားရန်၊ ဖီဒါများ ရှိ ဝန်အားများကို ထိန်းညှိဆောင်ရွက်သွားရန်၊ Battery Bank နှင့် Battery Charger များကို Schedule အလိုက် စစ်ဆေးထိန်းသိမ်းရန်၊ လုပ်ငန်းစဉ်များကို ချိတ်ဆွဲထားရန် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန်နှင့် ပင်မထရန်စဖော်မာနှင့် Switchgear များကို အမြဲမပြတ်စစ် ဆေးသွားရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးအဖွဲ့သည် ၁၃၂ ကေဗွီ၊ တပ်ဆင်အင်အား ၁၁၀ အမ်ဗီအေ ရှိသော လွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ခေတ္တခွဲရုံမှူးက ခွဲရုံသို့ ဓာတ်အားပို့ လွှတ်လိုင်းများနှင့် ခွဲရုံမှ ဓာတ်အားဖြန့်ဖြူးမှု အခြေအနေများကိုလည်းကောင်း၊  လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေသည့် ပင်မဓာတ်အားခွဲရုံဖြစ်သဖြင့် ထရန် စဖော်မာများ၊ Switchgear  များကို ပုံမှန်ပြုပြင်ထိန်းသိမ်း၍ ကြံ့ခိုင်မှုကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ Line Fault နှင့် Line Losses များ လျော့နည်းကျဆင်းရေး ဆောင်ရွက်ရန်၊ လုံခြုံရေးအသိ၊ သတိဖြင့်ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ဂုဏ်ပြုငွေများ ချီးမြှင့်သည်။

ထို့နောက် လွိုင်ကော်မြို့ (၄)မိုင်ရှိ ၁၃၂ ကေဗွီ လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံသို့  သွားရောက် ကြည့်ရှုစစ်ဆေးရာ (ခေတ္တခွဲရုံမှူး) လက်ထောက်အင်ဂျင်နီယာက ပင်မဓာတ် အားခွဲရုံမှ လက်ရှိဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လွိုင်ကော်ပင်မဓာတ်အားခွဲရုံသည် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးသည့် ဓာတ်အားခွဲရုံဖြစ်သည့်အတွက်  Main Transformer၊ Switch Yard နှင့် Switch Gear Control Panel များ ကြံ့ခိုင်စေရေးအတွက် အမြဲစစ်ဆေးပြီး ဆောင်ရွက်ကြရန်၊ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို Schedule အလိုက် ဆောင်ရွက်ကြ ရန်နှင့်  ဓာတ်အားခွဲရုံ သန့်ရှင်းနေစေရေး အမြဲမပြတ် ဆောင်ရွက်သွားရန် မှာကြားသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မဓာတ်အားခွဲရုံ၏ Control Room နှင့် Switch Yard အတွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ခွဲရုံဝန်ထမ်းများကို ထောက်ပံ့ငွေပေးအပ်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်