နေပြည်တော် ဇူလိုင် ၅ 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ အငယ်တန်း အင်ဂျင်နီယာ (၂) လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။ 

 

အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် စီမံခန့်ခွဲရေးဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ်နှင့် ပစ္စည်းစီမံရေး ဘာသာရပ်များကို သင်ကြားပို့ချမည့်အပြင် အဓိက ဘာသာရပ်ဖြစ်သည့် အင်ဂျင်နီယာဘာသာရပ်များတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ကိစ္စ၊ လျှပ်စစ်အန္တရာယ်/ ဓာတ်လိုက်မှု ကင်းရှင်းရေးကိစ္စများနှင့် ဓာတ်အားဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုနေသည့် Analogue, OMR, AMR နှင့် AMI မီတာစနစ်များ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးကိစ္စ၊ ADMS စနစ်နှင့် Pilot Project ဆောင်ရွက်နေမှုများ၊ ဓာတ်အားလိုင်း/ ဓာတ်အားခွဲရုံများ တည်ဆောက်မှု နည်းစနစ်များ၊ Earthing or Grounding System အကြောင်းများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း။

 

သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြား၊ ပို့ချချက်များ၊ အပြန်အလှန် ဆွေးနွေးခြင်းမှရရှိသည့် အသိပညာများ၊ သင်တန်းသားအချင်းချင်း ဖလှယ်လို့ရသည့် အတွေ့အကြုံအရ တက်ကြွစွာ ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်း စေတနာအပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် လျှပ်စစ် အင်ဂျင်နီယာများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

 

အဆိုပါ အငယ်တန်းအင်ဂျင်နီယာ (၂) လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သင်တန်းသား ၃၀ ဖြင့် ရက်သတ္တပတ် (၄) ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်