ညောင်တုန်း ဧပြီ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် သူကြီးစုကျေးရွာတွင် ဧပြီ ၁၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်က လျှပ်စစ်ဟင်းအိုး(ဒယ်နီ)ဖြင့် ဟင်းချက်ပြုတ်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သူကြီးစုကျေးရွာရှိ ဦးမောင်မောင်စိုး၏ နေအိမ်အပေါ်ထပ်တွင် နေထိုင်သည့် ၎င်း၏သားဖြစ်သူ ဦးဖြိုးငွေစိုးမှ လျှပ်စစ်ဟင်းအိုး(ဒယ်နီ)ဖြင့် ဟင်းချက်ပြုတ်ထားခဲ့ရာမှ အပူလွန်ကဲ၍ အခင်းပျဉ်သို့ မီးကူးဆက် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့သည်။

 

မီးလောင်မှုကြောင့် ဦးမောင်မောင်စိုး၏နေအိမ် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးပေါ့ဆစွာအသုံးပြုခဲ့သူ ဦးဖြိုးငွေစိုးအား ညောင်တုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်‌ဦးစီးဌာနမှ သိရသည်။

 

ထက်ဝေဖြိုး(ပြန်/ဆက်)