နယူးဒေလီ   ဇွန်   ၁၀

အိန္ဒိယအစိုးရသည်  နိုင်ငံအတွင်း၌ လျှပ်စစ်ကားများ ထုတ်လုပ်ရန်  ပြည်ပကားထုတ်လုပ်သူများကို       ဆွဲဆောင်သွားနိုင်မည့် အစီအစဉ်တစ်ခုကို ထုတ်ဖော်ပြသ ခဲ့သည်။

အိန္ဒိယတွင် လျှပ်စစ်ကားစက်ရုံများ တည်ထောင်ရန် ကတိပြုသော ပြည်ပကားထုတ်လုပ်သူများ အတွက် သွင်းကုန်ခွန် သိသိသာသာလျှော့ချရန် အစိုးရက ကမ်းလှမ်းထားသည်။  စက်ရုံသစ်များ တွင်    ဒေါ်လာသန်း ၅၀၀ သို့မဟုတ်    ထို့ထက်မကသော ရင်းနှီးမြှုပ်နှံသည့် ထုတ်လုပ်သူများသည်   အဆိုပါသဘောတူညီချက်ကို ရရှိမည်ဖြစ်သည်။

အပြန်အလှန်အားဖြင့်  ကားထုတ်လုပ်မည့်သူများသည် ၎င်းတို့၏ လျှပ်စစ်ကားအရေအတွက်     အကန့်အသတ်အပေါ်     အခွန်စည်းကြပ်မှုကို ငါးနှစ်အတွင်း  ၁၅ ရာခိုင်နှုန်းဖြင့် တင်သွင်းနိုင်မည် ဖြစ်သည်။   လက်ရှိတွင်  အခွန်စည်းကြပ်မှုမှာ   ၇၀  ရာခိုင်နှုန်းကျော်ရှိသည်။

အဆိုပါအစီအစဉ်သည် တက်စ်လာကို ဆွဲဆောင်ရန် မူလက ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်   နာရိန်ဒရာမိုဒီသည် ၎င်း၏ အမှုဆောင်အရာရှိချုပ် အီလွန်မက်ခ်နှင့် ယခုနှစ် အစောပိုင်းတွင် ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော်   လျှပ်စစ်ကားကုမ္ပဏီကြီးက လက်မှတ်မထိုးခဲ့ ကြောင်း သိရသည်။ 

အိန္ဒိယအစိုးရသည်    လျှပ်စစ်ကားများကို   ၂၀၃၀  ပြည့်နှစ်တွင် ပြည်တွင်းကားရောင်းချမှု၏     ၃၀ ရာခိုင်နှုန်းအထိ ရရှိစေချင်ကြောင်း သိရသည်။ လျှပ်စစ်ကားများသည် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကားရောင်း ရငွေစုစုပေါင်း၏ ၂ ဒသမ ၅  ရာခိုင် နှုန်းသာရှိသည်။  

အင်န်အိတ်ချ်ကေ