လျှပ်စစ်ကျွမ်းကျင် အထူးသင်တန်း (PILOT MAY-CVT) အတွက် သင်တန်းသားခေါ်ယူ

ရန်ကုန် ၃ မေ

 

အခြေခံပညာ အထက်တန်းကျောင်းမှ ဆယ်တန်းအောင် (သို့) ဆယ်တန်းနှင့် ညီမျှသော ပညာသင်ယူခဲ့ပြီး၊ သက်မွေးပညာသင်တန်း တက်ရောက်လိုသော၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသော လူငယ်များအတွက် CVT Myanmar တွင် လျှပ်စစ်ကျွမ်းကျင်ပညာ (စာတွေ့၊လက်တွေ့) တဆက်တည်း သင်ယူနိုင်မည့် ကာလတို သင်တန်းကို စတင်လျှောက်ထားနိင်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းတွင် လျှပ်စစ်ပစ္စည်း သွယ်တန်း တပ်ဆင်ခြင်းများကို CVT Myanmar မှ စာတွေ့နှင့် လက်တွေ့ ကျွမ်းကျင်ဆရာများနှင့် ဇွန်လမှ ဒီဇင်ဘာလ (၆လ) အထိ သင်ယူပြီး၊ NSSA-level 1,2 စာမေးပွဲကို ဝင်ရောက် ဖြေဆိုခြင်းဖြင့် အောင်မြင်ပါက စံနှုန်း သတ်မှတ်ရေး အဖွဲ့၏ ကျွမ်းကျင်မှု လက်မှတ်များကိုပါ ရရှိနိုင်မည် ဖြစ်သည်။

 

သင်တန်းကြေး ပေးသွင်းစရာ မလိုဘဲ သင်တန်းကာလအတွင်း ခရီးစရိတ်ကို ထောက်ပံ့ပေးပါမည်ဖြစ်ကာ သင်တန်းပြီးဆုံးပြီး  စာမေးပွဲ ဖြေဆိုအောင်မြင်ပါက Center for Vocational Training (CVT) နှင့် National Skill Standard Authority (NSSA) အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်အား ရရှိမည်ဖြစ်သည်။

 

သင်တန်းချိန် အနေဖြင့် နံနက် ၈ နာရီမှ ညနေ ၄ နာရီ ၄၅ အထိဖြစ်ပြီး အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း လူငယ်များ တက်ရောက်နိုင်သည်။ လျှောက်လွှာများကို ဧပြီ ၂၆ ရက်မှ မေ ၂၁ ရက်အထိ လက်ခံဆောင်ရွက် ပေးလျက်ရှိပြီး သင်တန်းကာလမှာ ဇွန်လမှ ဒီဇင်ဘာလအထိ ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ (တစ်ပတ် ၄ ရက်) သင်ကြားပို့ချ သွားမည်ဖြစ်သည်။

 

လျှောက်လွှာပေးပို့ရန်နှင့် အသေးစိတ် အချက်အလက်များ မေးမြန်းလိုပါက အမှတ် (၄၂)၊ ကမ်းနားလမ်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံး၊ တတိယထပ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်။

 

ဖုန်း - ဝ၁၃၈၃၆၇၆၊ Email – [email protected] နှင့် Website – www.cvt-myanmar.com တို့တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

 

MDN