နေပြည်တော် ၂၆ နိုဝင်ဘာ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီဖြစ်သည့် SMART Measurement & Control Co., Ltd ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သည့် Yokogawa Electric Corporation Japan ကုမ္ပဏီမှ DCS(Distributed  Control System) Plant Model ဆိုင်ရာနည်းပညာနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကျေးဇူးတင် နှုတ်ခွန်းဆက်စကားပြောကြားပြီး Yokogawa Engineering Asia Pte. Ltd မှ Deputy Managing Director, Mr. KoJi Komatsu နှင့် Yokogawa (Thailand) Ltd. မှ Chief Representative Officer, Mr. NiwatWeeragul တို့မှ လှူဒါန်းမှုဆိုင်ရာ အစီအစဉ်များကို ပြောကြားကြသည်။

ထို့နောက် Yokogawa (Thailand) Ltd. မှ Managing Director, Mr. Prechai Trannitad မှ လှူဒါန်းမှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ ပေးအပ်ရာရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဦးခင်မောင်ဝင်း၊ တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် DCS Plant Model ဆိုင်ရာနည်းပညာများ၊ Instrument များကို လေ့လာကြည့်ရှုသည်။

အဆိုပါ အခမ်းအနားတွင် SMART Measurement & Control Co., Ltd ၏ မိတ်ဖက်ကုမ္ပဏီဖြစ်သော Yokogawa Electric Corporation Japan ကုမ္ပဏီတို့ ပူးပေါင်း၍ အမေရိကန် ဒေါ်လာ ၁၅၀၀၀၀ တန်ဖိုးရှိ လုပ်ငန်းခွင်ကျွမ်းကျင်ရေး အထောက်အကူပြု DCS Plant Model ဆိုင်ရာ နည်းပညာများ၊ Instrument များနှင့် ၎င်းတို့ကိုအသုံးပြုနိုင်ရန် ဆက်စပ်သင်တန်းများ အကူအညီပေးအပ်ခြင်းတို့ဖြစ်သည်။

DCS သည်  Computerized Control System ဖြင့် ဆောင်ရွက်သော Simulation Process Plant ဖြစ်ပြီး Complete range of flowmeters, pressure transmitters, differential pressure transmitters, temperature transmitters, level transmitters and process analyzers လုပ်ငန်းစဉ်များအား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း၊ စက္ကူထုတ်လုပ်ရေး၊ လျှပ်စစ်လုပ်ငန်း၊ သံမဏိနှင့် စက်မှုလုပ်ငန်း စသည့် နယ်ပယ်များတွင် ကျယ်ပြန့်စွာအသုံးပြုနိုင်ပြီး Industrial Automation ဆိုင်ရာ ဗဟုသုတနှင့် နည်းပညာများကို အကျိုးရှိရှိအသုံးပြုနိုင်စေရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်