နေပြည်တော်  ၁၃  ဒီဇင်ဘာ

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ပြခန်းများ၊ နိဗ္ဗာန်ဈေးပွဲတော် အခမ်းအနားများ၊ စာတမ်းဖတ်ပွဲအခမ်းအနားများ ဖွင့်လှစ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲ အခမ်းအနားနှင့် တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းမိသားစုများ၏ နိဗ္ဗာန်ဈေးပွဲတော် ဖွင့်ပွဲအခမ်းအနားများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနနှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ ခင်းကျင်းပြသထားသောပြခန်းများနှင့် နိဗ္ဗာန်ဈေးပွဲတော်အတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် စာတမ်းများဖတ်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

mdn

 

mdn

 

mdn

 

mdn

 

mdn

 

ယင်းနောက် ညနေပိုင်းတွင် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းနှင့် ညစာစားပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ်အခမ်းအနား Logo ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ဝန်ထမ်း ၂ဦးအားလည်းကောင်း၊ အထိမ်းအမှတ်သီချင်းစာသားရေးစပ် သီဆိုသူဝန်ထမ်း ၁ ဦးအား လည်းကောင်း၊ ၂၀၁၈ ခုနှစ် မတ် ၃၁  ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများအား အချိန်တိုအတွင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား လည်းကောင်း၊ ၂၃၀ ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းနှင့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ကျောက်တော် ဓာတ်အားလိုင်းတို့တွင် Conductor (C-Phase) ကြိုးပျက်ကျခြင်းနှင့် ကြိုးလွန်းဖွာခြင်းများ ဖြစ်ပေါ်ခဲ့ရာ အချိန်တိုအတွင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုများကြောင့် ဓာတ်အားပြတ်တောက်မှု အနည်းဆုံးဖြစ်ရန် ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအားလည်းကောင်း ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

သတင်းစဉ်

 

mdn

 

mdn