နေပြည်တော် ၁၃ ဇွန်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ခြင်း(၄/၂၀၁၉)အခမ်းအနားကို နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အခမ်းအနား၌ ကရင်ပြည်နယ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရန် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ၊ ဓာတ်အားပေးစက်ရုံများ၏ တပ်ဆင်အင်အား၊ သဘောသဘာဝနှင့် ဓာတ်အားထုတ်လုပ်ပေးနိုင်မှု ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ကမာနတ်ပင်မဓာတ်အားခွဲရုံတွင် ဓာတ်အားခွဲရုံ(၁)ရုံ တိုးချဲ့ တည်ဆောက်ရန်စီစဉ်ဆောင်ရွက်နေမှု ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု၊ ကျောက်ခွက်၊ လက်ပံတိုရေနံမြေ 3D ဆိုက်စမစ် တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေ၊ မြန်အောင်တွင်း အမှတ်(၁၇၄)၏ ရေနံနှင့်သဘာဝ ဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်မှု၊ ရေနံဓာတ်ငွေ့ရည်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗို့အားပြည့်မီစွာ အသုံးပြုနိုင်ရန်နှင့် ဓာတ်အားစနစ် အားအထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ဓာတ်အားပေးစက်တပ်ဆင်တည်ဆောက်ထား သည့်အခြေအနေ၊ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ရေသွယ်ဥမင်လှိုဏ် ၂ လုံး၏ အပေါ်ပိုင်းအခြမ်းများ တိုးလျှိုပေါက်ဖေါက်လုပ် ပြီးစီးမှုများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)