နေပြည်တော်ဇူလိုင် ၂၈
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd.မှ တင်သွင်းလာသော Jinpeng အမျိုးအစား လျှပ်စစ်သုံး သုံးဘီးမော်တော်ဆိုင်ကယ် (၅၀) စီးနှင့် NCX Myanmar Co., Ltd. မှတင်သွင်းလာသော Wuyang Honda (U-Go) အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်(၉၆)စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ သဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
(သတင်းစဉ်)