နေပြည်တော် မေ ၁၅
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Brilliance Auto Co.,Ltd မှ တင်သွင်းလာသော HAIMA 7X-E အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ် (၂)စီးသည် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) သို့ရောက်ရှိလာပါသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
(သတင်းစဉ်)