နေပြည်တော် မတ် ၂၂
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Shwe Thway Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD YUAN PLUS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ The Golden Octopus Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် WULING BINGO အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Aung Kan Bo Truck & Machinery Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FORTHING FRIDAY (STANDARD GRADE) နှင့် FORTHING S60 EV PRO အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
