နေပြည်တော် ဩဂုတ် ၂၃
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Amazing Auto Co., Ltd မှ တင်သွင်းလာသော Dongfeng Honda ENS1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်(၁၃)စီးနှင့် Chin Dwin Shan Construction Co., Ltd မှ တင်သွင်းလာသော BYD Tang အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်(၁၈)စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၃၁)စီးသည် ရန်ကုန်ဆိပ်ကမ်း သို့ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
(သတင်းစဉ်)