နေပြည်တော် မေ ၁၇
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motors Co., Ltd. မှ တင်သွင်းလာသော BYD Han အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီး၊ Grand Sirius Co., Ltd. တင်သွင်းလာသော Neta U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၇) စီးနှင့် Myanmar Brilliance Auto Co., Ltd. မှ တင်သွင်းလာသော VGV YOUNG B-EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီး၊ စုစုပေါင်း လျှပ်စစ်သုံးယာဉ် (၂၇) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် မေ ၁၇ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
(သတင်းစဉ်)