နေပြည်တော်၊      ဩဂုတ်    ၉

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Automotive Co., Ltd. မှ တင်သွင်း လာ‌သော တရုတ်နိုင်ငံထုတ် IM-LS7 နှင့် IM-LS6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA X ၊ NETA V နှင့် NETA AYA အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Yaung Ni Oo Automobile Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DFSK Mini EV အမျိုးအစား လျှပ်စစ် သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)