နေပြည်တော် နိုဝင်ဘာ ၂၉
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Premier Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် GEELY GEOMETRY E အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX ALPHA T5 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် ARCFOX အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် အားသွင်းစက် များ ၊ Auto Top Power Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DONGFENG NAMMI 01 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


