နေပြည်တော် ဧပြီ ၁
လျှပ်စစ်သုံးယာဉ်ဆိုင်ရာ Training of Trainers(ToT) သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းက သင်တန်းဆင်းပွဲ အမှာစကားပြောကြားပြီး လျှပ်စစ်သုံး ယာဉ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့မှု ၊ လျှပ်စစ်သုံးယာဉ် ဆိုင်ရာ သင်တန်း များတွင် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ToT သင်တန်းနှင့် ပုံမှန်ဆင့်ပွားသင်တန်းများအား ဆက်လက်သင်ကြား ပို့ချပေးသွားမည့် အစီအစဉ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ToT သင်တန်း အမှတ်စဉ်(၂) တွင် (၁) Electric Power Train (၂) Electrical Power System (၃) Practical Approach to Electronics in EV (၄) Sensor and Networking Technology (၅) Automotive Material နှင့် (၆) Theory of Automobile ဘာသာရပ်များ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်