နေပြည်တော်၊ ဇန်နဝါရီ ၁၂

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် Neta U အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Bestune Nat အမျိုးအစား လျှပ်စစ်သုံး ယာဉ်များ၊ Paragon Machinery Power Goup Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Dayun Yuehu S1 (VIP Version) အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် NCX Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Wuyaung Honda အမျိုးအစား လျှပ်စစ်သုံးမော်တော် ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ယနေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)