နေပြည်တော်   ဒီဇင်ဘာ   ၁၁

၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံ ဓာတ်ပုံပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စက်တင်ဘာ ၁၄ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဖိတ်ခေါ်ကျင်းပခဲ့ရာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ တိုင်းရင်းသားရိုးရာ အလှအပများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ထင်ရှားသည့် အမှတ်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည့် လွတ်လပ်ရေး၏ အနှစ်သာရတို့ကို ဖော်ညွှန်းရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် မြန်မာနိုင်ငံ အနှံ့အပြားမှ ဓာတ်ပုံပညာရှင် ၁၄၀ က ပြိုင်ပွဲဝင် ဓာတ်ပုံ ၃၃၉ ပုံဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ရောင်စုံဓာတ်ပုံပြိုင်ပွဲ၌ ပထမဆု ဦးဇော်မင်းလွင်၊ ဒုတိယဆု ကိုဝင်းတိုးနှင့် တတိယဆု သန်းနိုင်ဦး(ငဖဲ) တို့က ရရှိကြပြီး အထူးဆုများအဖြစ် ကောင်းဆက်ဝေ၊ ဦးအောင်ကျော်မိုး၊ သန်းနိုင်ဦး(ငဖဲ) (၂) ဆုနှင့် ဦးချမ်းသာတို့က အသီးသီးရရှိကြသည်။  ဆုရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆုများ ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုပေးပွဲကျင်းပမည့်ရက်အား ထပ်မံ အကြောင်းကြားမည်ဟု သိရသည်။

MDN