လပွတ္တာ နိုဝင်ဘာ ၂၂
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လပွတ္တာခရိုင် စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ဆောက်လုပ်ရေးသင်တန်းအမှတ်(၅)၊ လျှပ်စစ်သင်တန်း အမှတ်စဉ် (၁၂)၊ဂဟေသင်တန်း အမှတ်စဉ်(၁၂)၊ မော်တော်ယာဉ်(၇)နှင့် လက်ကိုင်ဖုန်းပြင် သင်တန်း အမှတ်စဉ်(၉)ဖွင့်ပွဲကို စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ လပွတ္တာ(၃)မိုင် မြို့သစ်၌ ယနေ့နံနက်(၀၉:၀၀) နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မျိုးညွှန့်က အဖွင့်အမှာ စကားပြောကြားရာတွင် ဒီသင်တန်းကျောင်းကို ဒေသတွင်း စက်မှုလက်မှုလုပ်ငန်းများ ထူထောင်ရာမှာ ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေဖို့ သင်တန်းဆင်းပြီးသွားရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နို်ငခြင်းဖြင့် စား၀တ်နေရေးဘက်စုံတိုးတက်ပြီး လူနေမှု အဆင့်အတန်းမြင့်မားလာစေဖို့ မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်ဆောင်ရွက်ရန်ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့တာဖြစ်ကြောင်း သင်ကြားပေးမယ့် သင်တန်းများအနေနဲ့ လျှပ်စစ်သင်တန်းမှာ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနဲ့ Air-Con ပြုပြင်ခြင်း ဘာသာရပ်များ၊ ဂဟေသင်တန်းမှာ လျှပ်စစ်ဂဟေနဲ့ ဓါတ်ငွေ့ဂဟေဘာသာရပ်များ၊ မော်တော်ယာဉ် စက်ပြင် သင်တန်းမှာဆိုင်ရင် အင်ဂျင်ပိုင်း၊ ကိုယ်ထည်ပိုင်းနဲ့မီးစနစ်ပိုင်းများ၊ လက်ကိုင်ဖုန်းပြင်သင်တန်းမှာဆိုင်ရင် Hardware / Software ပိုင်းများ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ထို့ပြင် ဆောက်လုပ်ရေးသင်တန်းများကိုလည်း ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပြီး လက်သမား၊ ပန်းရံ၊ သံချည်သံကွေးစတဲ့အမျိုးအစား(၃)မျိုးကို ကျွမ်းကျင်စွာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကာလမှာ(၂၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပြီး သင်တန်းသား(၄၅)ဦးတက်ရောက် ခဲ့ပြီး သင်တန်းများအတွက် နိုင်ငံတော်မှ နေထိုင်ရေး၊ စားသောက်ရေး၊ ပညာသင်ကြားရေး အားလုံး အစစအရာရာ အကုန်အကျခံ၍ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်


