လပွတ္တာ ဇူလိုင် ၁၈

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား လက်တွေ့လေ့ကျင့်ခြင်းကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက လပွတ္တာခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား တပ်ဖွဲ့ဝင်များ ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေးအတွက် လပွတ္တာခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးမြင့်က သန္ဓေတပ်ဖွဲ့ဝင် ၃၅ ဦးတို့အား Hydraulic Toolsများ၊ အသက်ရှူ ကိရိယာ B.ASet စသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အကြောင်းကို ရှင်းလင်းပြောကြားကာ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခြင်း လုပ်ငန်းများကို လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

 

လပွတ္တာ(ပြန်/ဆက်)