လပွတ္တာ မတ် ၃၀

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့၏သုံးမိုင်ပတ်လည် စိမ်းလန်းစိုပြည်စေရေးနှင့် Clean City ၊ Green City၊ Smart City ဖော်ဆောင်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြက်ရိတ်စက်များပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

 

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် သုံးမိုင်ပတ်လည်စိမ်းလန်းစိုပြည်ရေးကို အထူးဂရုစိုက်ဆောင်ရွက်ကြရန်၊ မိမိတို့၏ရပ်ကွက်/ကျေးရွာအုပ်စုများ နှင့်ထိစပ်နေသော အဝေးပြေးလမ်းမကြီးများ၏ဘေး ဝဲ/ယာများကို အမှိုက်ကင်းစင်ပြီး စိမ်းလန်းစိုပြည်သောပတ်ဝန်းကျင်များဖြစ်စေရေး ပြည်သူများကို စည်းရုံးဆောင်ရွက်ကြရန်၊ သစ်တောဦးစီးဌာန၊ လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီအဖွဲ့များသည် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ သစ်ပင် စိုက်ပျိုးရာသီတွင် စိုက်ပျိုးနိုင်မည့်မြေနေရာများ၊ ပျိုးပင်အမျိုးအစားနှင့် အရေအတွက်တို့ကို ကြိုတင်စီမံကာ စီမံချက်ရေးဆွဲတင်ပြကြရန်တို့ကို မှာကြားဆွေးနွေးပြီး လမ်းမကြီးများနှင့်ထိစပ်နေသော ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၁ အုပ်စုတို့အား ( 4-Stoke)မြက်ရိတ်စက် ၂၄ လုံးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)