လပွတ္တာ    ၃၁   မေ    

 

ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နန္ဒဝန်ဈေးရှိ ပျံကျဈေးတန်းများအား အကာအရံပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် ထပ်မံပြီး ပျံကျဈေးတန်းများကို ဒီလိုမျိုး အကာအရံတွေ ပြုလုပ်ပေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦးထပ်ပြီး ဈေးရောင်းချသည့်အချိန်တွင် အဆင်မပြေမှုများရှိသည့်အတွက် အကာအရံများကို နန္ဒဝန်ဈေး ပျံကျဈေးတန်းတွင် စတင်ဆောင်ရွက်ခြင်းဖြစ်သည်။

 

96325

 

ယခုလို ဆောင်ရွက်ပေးသည့်အတွက်  ဈေးရောင်းသူများ တစ်ယောက်နှင့်တစ်ယောက် ခြားပြီးသား ဖြစ်သည်။ ဈေးဝယ်သူများအတွက်လည်း အဆင်ပြေမှုရှိစေရန် စီမံဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

လပွတ္တာမြို့ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဒေါ်လေးမြမြဦးက ပြောကြားခဲ့သည်။ ထို့အပြင် လပွတ္တာမြို့အတွင်းရှိ ဈေးများတွင် လက်ဆေးဘေစင်များထားရှိပြီး ဈေးများကိုလည်း ပိုးသတ်ဆေးများ ဖြန်းပေးထားကြောင်းနှင့် Mask များ တပ်ဆင်လျှက် ဈေးရောင်းဈေးဝယ် လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ဝင်းကျော်မြင့် (လပွတ္တာ ခရိုင် ပြန်/ဆက်)