လပွတ္တာ ဖေဖော်ဝါရီ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

ကွင်းဆင်းစစ်ဆေး

ယင်းသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့် ဦးဆောင်၍ မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးစိမ်းကိုကိုနှင့် တပ်ဖွဲ့ဝင်များက ခရိုင်နှင့် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးလုံခြုံမှုရှိစေရန်အတွက် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးစစ်ဆေး ထောက်ခံချက်ရရှိရေး ဆောင်ရွက်သွားရန်၊ မီးချိတ်၊ မီးကပ်များ၊ မီးသတ်ဆေးဘူးများနှင့် အရေးပေါ်မီးသတ်ပိုက်လိပ်၊ အပေါ့စားမီးသတ်စက်၊ Foam အမြှုပ်ဆေးရည်နှင့် ပိုက်လိပ်၊ ပိုက်ခေါင်းများ တပ်ဆင်ထားမှုနှင့် Ground Tank များ စနစ်တကျထားရှိမှုများကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)