လပွတ္တာ    ဖေဖော်ဝါရီ    ၂

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ၃ မိုင်မြို့ရှိ ခရိုင်မီးသတ် ဦးစီးမှူးရုံးတွင် ဇန်နဝါရီ ၂၉ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းကို  ဆက်လက်သင်ကြား  လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို ဇန်နဝါရီ ၂၉ ရက်မှ​ ဖေဖော်ဝါရီ ၂၃ ရက်အထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး လပွတ္တာခရိုင်အတွင်းရှိ  လပွတ္တာနှင့်  မော်လမြိုင် ကျွန်းမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၅၀ ဖြင့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း၊  ကြိုးချည်နည်း၊   ရေတွင်းအသက်ကယ်ဆယ်နည်း၊ မျောက်ကူးနည်းစနစ်၊ ပက်လက်ကူးနည်းစနစ်၊   ရှဉ့်ကူးနည်း စနစ်၊ နှစ်ယောက်တွဲကြိုးဆင်းခြင်း၊ ဇောက်ထိုးဆင်းခြင်း၊ ခုန်ဆင်းနည်းစနစ်များ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)