လပွတ္တာ ၂၁ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လျှပ်စစ်မီတာခ လာရောက်ပေးဆောင်ရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် လက်ဆေးရန် စီစဉ်ပေးထားခြင်း၊ တစ်ဦးနှင့်တစ်ဦး ၃ ပေ အကွာထားရှိခြင်း၊ အလှည့်ကျ မီတာခပေးဆောင်နိုင်ရေး ကိစ္စများကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်အတွင်းရှိ လျှပ်စစ်မီတာခပေးဆောင်ရာတွင် ပြည်သူများအဆင်ပြေစေပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လျှပ်စစ်မီတာခ ပေးဆောင်ရေးကို ဧပြီ ၃၀ ရက်နေ့အထိသာ ပေးဆောင်ခြင်းမဟုတ်ဘဲ မေလ ၂၀ ရက်အထိ ရက်တိုးသတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ မီတာခပေးဆောင်ခြင်းကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ မီတာခ ပေးဆောင်ရာတွင် (ရက်လွန်ဒဏ်ကြေး)များ ပေးဆောင်ရန်မလိုဘဲ ဓာတ်အားဖြတ်တောက်ခြင်းများလည်း ပြုလုပ် သွားမည်မဟုတ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမှ သိရသည်။
ဝင်းကျော်မြင့် (ခရိုင် ပြန်/ဆက်)