လပွတ္တာ မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ အမှတ်(၆)ရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့် ဦးဆောင်၍ ရပ်ကွက်အတွင်းရှိ နေအိမ်များမီးဘေး လုံခြုံမှုရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းများနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိစေရေးအတွက် အရေးပေါ်မီးသတ် ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် အသုံးပြု၍မရသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များအား အသစ်လဲလှယ် ထားရှိစေရေးနှင့် မီးလောင်မှုဖြစ်ပွားလာပါက အရေးပေါ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အရေးပေါ်မီးငြှိမ်း သတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများအကြောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


