လပွတ္တာ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၌ လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီမံကြီးကြပ်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော နွေရာသီအားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရဲတံခွန်ခန်းမ၌ ကျင်းပသည်။
ဦးစွာ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အမှာစကားပြောကြားပြီး အားကစားသင်တန်း နည်းပြဆရာများအား တာဝန်ရှိသူများက အားကစားဝတ်စုံများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ သင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ အေရိုးဗစ်၊ ကရာတေး၊ ဘတ်စကက်ဘော၊ စားပွဲတင် တင်းနစ်၊ ရိုးရာခြင်းလုံး၊ Fitness Dance၊ ပိုက်ကျော်ခြင်းစသည့် အားကစားသင်တန်းများကို တစ်လတာသင်တန်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


