လပွတ္တာ ဇူလိုင် ၁၃

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဇူလိုင်၁၀ ရက်နှင့် ဇူလိုင် ၁၂ ရက်တွင် COVID-19 ပိုးတွေ့လူနာများ၏ မိသားစုဝင်များနှင့်ထိတွေ့ဆက်စပ်ခဲ့သူများနှင့် ခုတင်၂၀၀ ပြည်သူ့ဆေးရုံသို့ လာရောက် စစ်ဆေးမှုခံယူသူစုစုပေါင်း(၂၇)ဦး အားစစ်ဆေးခဲ့ရာ ကျား(၆)ဦး၊ မ(၁၅)ဦးစုစုပေါင်း (၂၁)ဦးတို့အား ပိုးတွေ့ ရှိခဲ့ရပြီး ဆေးရုံဆင်းခွင့်ရှိသူ ယနေ့ထိ(၁၉)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကော်မတီမှသိရသည်။

လပွတ္တာမြို့နယ်တွင်အမှတ်-၄ရပ်ကွက်၊ ငါးပုဇွန်ရောင်း၀ယ်ရေး မ (၁)ဦး၊ အမှတ်-၃ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်း မ(၁)ဦး၊ အမှတ်-၅ရပ်ကွက် စျေးရောင်း မ(၁)ဦး၊မြို့နယ်ဆည်မြောင်း ဦးစီးဌာန ကျား(၁)ဦး၊  လွှာစာကျေးရွာ ရေလုပ်ငန်း မ(၁)ဦး၊ လ/မြောက်ကျေးရွာ ကျား(၁)ဦး၊ ခုတင်-၂၀၀ပြည်သူ့ဆေးရုံ ၀န်ထမ်းအိမ်ရာ မ(၁)ဦး၊ အမှတ်-၁၀ ရပ်ကွက် ဗန္ဓုလလမ်း မဲနယ်လုပ်ငန်း ကျား(၁)ဦး၊ အမှတ်-၁ရပ်ကွက် ချောင်းတွင်းလမ်း ကျူရှင်ဆရာ ကျား (၁)ဦး၊ ခရိုင် စိုက်ပျိုးရေး၀န်ထမ်း မ(၁)ဦး၊ အမှတ်-၆ရပ်ကွက် မ(၂)ဦး၊ အမှတ်-၉ရပ်ကွက် ဆန်ရောင်း မ(၁)ဦး၊ မောင်းဒီးကျေးရွာ ဆန်စပါးရောင်း၀ယ်ရေး ကျား(၁)ဦး၊ အမှတ်-၃ရပ်ကွက် စပယ်လမ်း မ(၂)ဦး၊ ကျောက်ဖြူကျေးရွာ မ(၁)ဦး၊ မောင်းဒီးကျေးရွာ မ(၂)ဦး၊ မန်ကျည်းပင်ကျေးရွာ မ(၁)ဦး၊ ခုတင်-၂၀၀ ကျန်းမာရေး၀န်ထမ်း မ(၁)ဦး၊ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါပိုးတွေ့လူနာများအားမြို့နယ်ကိုဗစ်-၁၉ ကော်မတီနှင့်ခရိုင်/မြို့နယ်ကုသရေး ဦးစီးဌာန တို့က ခုတင်(၂၀၀)ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်တွင်ထားရှိ၍ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့ နေအိမ်များအား ကန့်သတ်နယ်မြေအဖြစ် ဆောင်ရွက်ထားလျက်ရှိပြီး လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၁၇)ဦးထိရှိခဲ့ပြီး ဆေးရုံးဆင်းခွင့်ရရှိသူစုစုပေါင်း (၃၇)ဦး ထိရှိလာပြီဖြစ်ပြီး ဆက်လက် ကုသဆဲလူနာ စုစုပေါင်း (၈၀ ရှိကြောင်း သိရသည်။

ကြေးမုံ