လသာ ဇွန် ၂၇

 

 

လသာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဇွန် ၂၆ ရက် နံနက် ၁၀ နာရီမှ ညနေ နာရီအထိ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်၊၊

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မွေးရာပါ နိုင်ငံသား အသက် (၁၀) နှစ်ပြည့် ၃(က)၊ မွေးရာပါ နိုင်ငံသားအသက် (၁၈) နှစ် ပြည့်လဲလှယ်၊ မွေးရာပါ နိုင်ငံသားပျောက်ပျက်/ မိတ္တူနှင့် အိမ်ထောင်စု အလိုက် ပြောင်းဝင်/မွေးတိုးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊

 

မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့် နိုင်ငံသားတိုင်း၊ နိုင်ငံသားအခွင့်အရေး ရရှိစေရန်နှင့် နိုင်ငံသားအရည်အချင်း ပြည့်မီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်၊၊

 

မြို့နယ်(ပြန်/ဆက်)