ရန်ကုန် ၉ မေ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မေ ၈ ရက် နံနက် ၉ နာရီက လသာမြို့နယ်အတွင်း တရားမဝင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ရောင်းချမှုရှိ/မရှိ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသည့် ဆိုင်များကို လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊
လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဦးဆောင်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာတို့ ပါဝင်သော အဖွဲ့သည် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ မြို့နယ်အတွင်း တရားမဝင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ရောင်းချမှု မရှိကြောင်း သိရှိရသည်၊၊
ရန်ကုန်တိုင်း (၃၃) မြို့နယ်အတွင်း သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးမြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခွင့် ခွင့်ပြုထားကြောင်းနှင့် ကျန်မြို့နယ်များတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် စီးနင်းမှုများကို မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် နယ်စပ်ဒေသများမှ မော်တော်ဆိုင်ကယ်တင်သွင်းရန် လိုင်စင်လျှောက်ထားမှု (ICT Card အပါအဝင်)နှင့် အမှန်တင်သွင်းမှုများအား ၂၀၂၁ ခုနှစ် မေ ၈ ရက်မှစ၍ နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရမချင်း ယာယီဆိုင်းငံ့သွားရန် မေ ၈ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


