လွတ်လပ်ရေး အထိမ်းအမှတ် မန္တလေး မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

မန္တလေး ၄ ဇန်နဝါရီ


(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ၂၀၁၉ ကို ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

 

49522156_292944061362761_8136669088182173696_n

 


ပြိုင်ပွဲတွင် အလွတ်တန်း( ကျား၊ မ )ပြိုင်ပွဲ ပထမဆု ကျပ်သိန်း ၃၀၊ ဒုတိယ ကျပ်သိန်း ၂၀၊ တတိယ ၁၅ သိန်းကျပ်၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ နဝမ၊ ဒသမဆုများ နှစ်သိမ့်ဆုများ ပေးအပ်သွားမည်ဖြစ်သည်။

 

49389805_289936595059225_4761092215369891840_n


လူသစ်တန်းပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း ၃၀၊ ဒုတိယ ကျပ်သိန်း ၂၀၊ တတိယ ၁၅ သိန်း၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ နဝမ၊ ဒသမ၊ နှစ်သိမ့်ဆုများ ပေးအပ်မည်ဖြစ်သည်။ 


အသက် ၆၀ နှစ်ပြည့်ပြီးသည့် ပြိုင်ပွဲဝင်များအား ပထမ ပန်းဝင်သည့် ငါးဦးအား ကျပ်နှစ်သိန်းဆီ ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။


MDN