နေပြည်တော် ၂၅ ဒီဇင်ဘာ
(၇၂)နှစ်ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၃ နာရီခွဲမှစ၍ မြို့တော်ခန်းမရှေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားကျင်းပစဉ် နံနက် ၃ နာရီခွဲမှစ၍ အခမ်းအနားပြီးဆုံးချိန်အထိ လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားသည်။
အခမ်းအနားကျင်းပစဉ် မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ဘဏ်လမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ကုန်သည်လမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းအထိ လည်းကောင်း လမ်းပိတ်ထားမည်ဖြစ်သဖြင့် မဟာဗန္ဓုလလမ်းမှလာသော ယာဉ်လိုင်းများအနေဖြင့် ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်းမှ လည်းကောင်း၊ ကုန်သည်လမ်းမှလာသော ယာဉ်လိုင်းများအနေဖြင့် ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းအတိုင်း မောင်းနှင်ကြပါရန်နှင့် အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၏ မော်တော်ယာဉ်များအား ပန်းဆိုးတန်းလမ်းနှင့် ဆူးလေဘုရားလမ်းကြားရှိ ကုန်သည်လမ်းပေါ်တွင် လည်းကောင်း၊ ဘဏ်လမ်းပေါ်တွင်လည်းကောင်း၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ ယာဉ်ပါကင်များတွင်လည်းကောင်း ရပ်နားနိုင်ပါကြောင်း သတိပေးနှိုးဆော်ထားသည်။
MDN


