ဝါးခယ်မ ၃ ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်မည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက ဉီးဆောင်ပြီး အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်အတွင်း ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရေးကို ရည်ရွယ်ကာ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ မုန့်စား၊ သံပုံးရိုက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ မီတာ (၁၀ဝ) အလံတိုင် လက်ဆင့်ကမ်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၄ ရက်နေ့တွင် ပြိုင်ပွဲ အသီးသီးမှ ထူးချွန်အားကစားသမားများနှင့် ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

လွှမ်းသီဟ (ပြန်/ဆက်)