ဝါးခယ်မ ၃၀ ဒီဇင်ဘာ

 

၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ နေ့တွင် ကျရောက်မည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

မြို့နယ်အတွင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကာ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ ချောတိုင်တက်၊ မုန့်စား၊ သံပုံးရိုက်၊ ခေါင်းအုံးရိုက်၊ ဂုန်နီအိတ်စွပ်ပြေးနှင့် မီတာ (၁၀ဝ) အလံတိုင်လက်ဆင့်ကမ်း ပြိုင်ပွဲများကို မြို့မ ဘောလုံးကွင်း၊ ရွှေခယ်သီရိအားကစားခန်းမ၊ ရွာလယ်ရပ်ကွက် တံတားအောက်ရှိ ပိုက်ကျော်ခြင်းကွင်း တို့၌ ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဇန်နဝါရီ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်လိုသူ အားကစားသမားများအနေဖြင့် သက်ဆိုင်ရာ ပြိုင်ပွဲအသီးသီး၏ ကျင်းပရေး ဆပ်ကော်မတီများထံတွင် စာရင်းပေးသွင်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)