ရေဦး ၂ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့အ‌ခြေစိုက် အောင်ရတနာကားသင်းနှင့် ရေဦးမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီတို့ ပူးပေါင်းကျင်းပသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် အောင်ရတတနာ မီနီမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် ၅ နာရီက ဒီပဲယင်းမြို့နယ် ကျည်ကျေးရွာ၌  စတင်တာ လွှတ်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်သူများက သတ်မှတ်ပန်းတိုင်ဖြစ်သည့်‌ ရေဦးမြို့   အောင်ရတနာ ကားဂိတ်အထိ ယှဉ်ပြိုင်ခဲ့သည်။

 

22

 

ပြိုင်ပွဲ ကျင်းပနေစဉ် ဌာနဆိုင်ရာများ၊ ကျန်းမာ‌ရေးဌာနဝန်ထမ်းများက သတ်မှတ်ပြေးလမ်းတစ်လျှောက် လိုက်ပါစောင့်ရှောက်မှုပေးခဲ့ကြပြီး ပန်းဝင်လာသော ပြိုင်ပွဲဝင်အပြေးကစားသမားများကို ပြည်သူ့လွှတ်‌‌တော် ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊  အောင်ရတနာကားသင်းဥက္ကဋ္ဌ  ဦးမြင့်ဦးနှင့်ဇနီး ဒေါ်စန်းစန်းဝေ၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က ကြိုဆိုအားပေးခဲ့ကြသည်။

 

23

 

အဆိုပါ ပြိုင်ပွဲသို့ အားကစားသမား ၅၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

သန်းသန်း (ရေဦး)