လွတ်လပ်ရေးနေ့အထိမ်းအမှတ် နယ်လှည့်အသိပညာပေး လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်  ၅   ဇန်နဝါရီ  

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသားလူငယ်လေးများ အသိပညာဗဟုသုတ ရရှိစေရန်၊ မမေ့အပ်သောနေ့ထူးနေမြတ်အကြောင်း သိရှိစေရန်ရည်ရွယ်၍ ဇန်နဝါရီ  ၃ ရက်နေ့က မဲကတောခီး ကျေးရွာနှင့် အမက ရှမ်းရွာသစ်တို့တွင် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါလုပ်ငန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် လွတ်လပ်ရေးပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ ငယ်/ရေး ဦးစောဝေဠုကျော်က နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး၏ အနှစ်သာရအကြောင်း သိကောင်းစရာတို့ကို ကျောင်းသား/ကျောင်းသူများအား ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး လွတ်လပ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးအကြောင်းအရာ ဗီနိုင်းများကိုလည်း ပြသခဲ့ကြောင်း သိရှိရသည်။

 

ရှမ်းရွာသစ် (ပြန်/ဆက်)

 

IMG_20190103_101800