ရန်ကုန် ၂၇ ဇန်နဝါရီ
ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသားအစီအစဉ်တစ်ရပ်အနေဖြင့် ဖွဲ့စည်းခဲ့ သည့် လွတ်လပ်သောစုံစမ်း စစ်ဆေး ရေးကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ကုလသမဂ္ဂ CEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင်ဖြစ်သူ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုသည် ယနေ့ ညနေ ၄ နာရီ မိနစ် ၄၀ က မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာသည်။
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ အားနိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အလားတူ ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ် များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမားသည် ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် လေကြောင်း ခရီးဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။
(သတင်းစဉ်)