ပဲခူး ၁၇ ဧပြီ

 

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလ(၁၇)ရက်နေ့ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား/သူ(၁၆၉၀)တို့ လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။

 

0543

 

ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့ကြသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိအကျဉ်းထောင်များ၊ စိုက်မွေး စခန်းများနှင့် ကုန်ထုတ်စခန်းများတွင် ပြစ်ဒဏ်ကျခံပြီးနောက် လွတ်မြောက်သူများအား သက်ဆိုင်ရာ အကျဉ်းထောင်များရှိ တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုန်ပြန်ထားသောအမိန့် ညွှန်ကြားချက်များအား သိရှိလိုက်နာရန် အသိပေးခြင်းများအပြင် ရောဂါပိုးကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ တပ်ပေးခြင်း ပြုလုပ်ကြသည့်အပြင် ဆေးထောက်ခံချက်များပေးအပ်ကာ ဆုံးမစကားများ ပြောကြားပြီး စနစ်တကျ လွှတ်ပေးခဲ့ကြ‌ကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ လွတ်မြောက်သူများမှာ ပဲခူးအကျဉ်းထောင်မှ (၆၄)ဦး၊ သာယာဝတီအကျဉ်းထောင်မှ (၇၀ဝ) ဒိုက်ဦးအကျဉ်းထောင်မှ (၁၅၇)ဦး၊ တောင်ငူအကျဉ်းထောင်မှ (၂၀၁)ဦး၊ ပြည်အကျဉ်းထောင်မှ (၁၀၆) ဦး၊ ပေါင်းတည်အကျဉ်းထောင်မှ (၁၁၂) ဦး၊ ကျိုက်စကောစိုက်မွေးစခန်းမှ (၁၀၆)ဦး၊ ရွှေမြယာစိုက်‌မွေးစခန်းမှ (၉၀)ဦး၊ တောင်ငူ(၄)မိုင် ကျောက်ထုတ်စခန်းမှ (၁၅၄)ဦး၊ စုစုပေါင်း ကျား/မ (၁၆၉၀)ဦးတို့ လွတ်ငြိမ်းခွင့်ရရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး အနေဖြင့် အကျဉ်းသား(၂၄၈၉၆)ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)