လွှတ်တော် လက်ကမ်းစာစောင် ပထမဆုံးအကြိမ် ဝေဝေဆာဆာ ထုတ်ဝေ

နေပြည်တော် ၇ ဒီဇင်ဘာ

 

လွှတ်တော်၏ လုပ်ငန်းစဉ်များကို သိရှိ နားလည်ရန်နှင့် လာရောက် လေ့လာသော ပြည်သူများအတွက်  အထောက်အကူ ဖြစ်စေမည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လွှတ်တော် လက်ကမ်းစာစောင်ကို  ဝေဝေဆာဆာဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေလိုက်ကြောင်း သိရသည်။


အဆိုပါ လက်ကမ်းစာစောင်အား မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး လွှတ်တော်၏ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ ကျင်းပပုံ အဆင့်ဆင့်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်၏ လုပ်ငန်းတာဝန်များ၊ လွှတ်တော် အစည်းအဝေးများ၏ ဆောင်ရွက်ချက်များ၊ လွှတ်တော် ကော်မတီများနှင့် လွှတ်တော်လေ့လာရေး စသည့် ကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိလာခြင်းဖြစ်သည်။


မျိုးထက်ဦး(MDN)