နေပြည်တော် ၁၉ မတ်
လွှတ်တော်အဆောက်အဦများတွင် တပ်ဆင်ထားသော လျှပ်စစ်ပိုင်းဆိုင်ရာများ စနစ်တကျရှိစေရေးအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိအဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဖွင့်အမှာစကားပြောကြားပြီး လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


