လွှတ်တော်အစည်းအဝေးများ ဇန်နဝါရီ ၁၅ ရက်တွင် ပြန်လည်ကျင်းပမည်

နေပြည်တော် ၂၄ ဒီဇင်ဘာ


နေပြည်တော်၌ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတို့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ပြည်ထောင်စုလွှတ်တော်ရုံးက ကြေညာချက်အမှတ် (၄/၂၀၁၇)ဖြင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ ပြည်သူ့လွှတ်တော်က ကြေညာချက်အမှတ် (၄/၂၀၁၇)ဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီတွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်က ကြေညာချက်အမှတ် (၄/၂၀၁၇)ဖြင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီတွင်လည်းကောင်း စတင်ကျင်းပရန် ခေါ်ယူကြောင်း ယနေ့ရက်စွဲဖြင့် ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့သည်။ 


MDN