ဆော ၃၁  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ ဆောမြို့ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူလူထုများ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ဆောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးထင်လင်း၊ဦးကျော်မြင့်တို့က မြို့နယ်အတွင်း ဌာန ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများ၊ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ရှိမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

2

 

အဆိုပါ အခမ်းအနားသို့ လွတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများ၊မြို့မိ မြို့ဖများ၊ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)