နောင်တရား ၇ ဒီဇင်ဘာ

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်အယ်ကျေးရွာ၊ လွယ်အယ် ဘုန်းတော်ကြီးကျောင်း၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေနှင့် ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်တို့က ဒီဇင်ဘာလ ၇ ရက်နေ့တွင် မဲဆန္ဒရှင် ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက အမျိုးသားလွှတ်တော်၏ တာဝန်ဝတ္တရားများနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် အခြေအနေများကို လည်းကောင်း ဒေသခံပြည်သူများအား ချပြရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်က ပြည်နယ်လွှတ်တော်၏ လုပ်ငန်းတာဝန်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ချက်များအား မဲဆန္ဒရှင်ပြည်သူများအား ချပြရှင်းလင်းသည်။ မဲဆန္ဒရှင်ပြည်သူများက မိမိကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်နေသည့် လျှပ်စစ်မီး၊ စာသင်ကျောင်းဆောင်များ၊ လမ်းများနှင့် စာသင်ကျောင်းများ၌ လိုအပ်လျက်ရှိသော ပညာရေးဝန်ထမ်းများ အလုံအလောက် ချပေးနိုင်ရေး တင်ပြကြသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။ ထို့နောက် လွယ်အယ်ဘုန်းတော်ကြီးကျောင်း၌ (PNO) မှ ဖွင့်လှစ်သည့် ကျေးရွာပြည်သူများ စွမ်းရည်မြင့်သင်တန်းဆင်းပွဲကို တဆက်တည်းကျင်းပဆောင်ရွက်ကြောင်းသိရသည်။

 

ခွန်အောင်(နောင်တရား)